ချောကလက်စားသုံးခြင်းသည် စိတ်ဖိအားကို လျော့ကျစေကြောင်း ပညာရှင်များ ပြောကြား  

Sunday, May 23, 2010

ချောကလက် အညိုရောင်ကို နေ့စဉ်စားသုံးခြင်းသည် စိတ်ဖိအားကို လျော့ကျစေကြောင်း ပညာရှင်များက ပြောကြားသည်။ အောက်တိုဘာ ၁၃ ရက်နေ့တွင် ထုတ်ပြန်ပြောကြားခဲ့သော ယင်းလေ့လာတွေ့ရှိမှုတွင် နှစ်ပတ်ခန့် နေ့စဉ် ချောကလက် စားသုံးပြီးပါက စိတ်ဖိအားကိုဖြစ်ပေါ်စေသည့် ဟော်မုန်းပမာဏအား လျော့ကျသွားကြောင်း တွေ့ရှိရသည်။ တစ်နေ့လျှင် စားသုံးရန်လိုအပ်သည့် ချောကလက် ပမာဏမှာ ၄၀ ဂရမ်ဖြစ် ကြောင်းသိရသည်။ စမ်းသပ်မှုတွင်ပါဝင်ခဲ့သူများဧ။် ဆီး ၊ သွေးဆဲလ် နမူနာများအား ရက်နှစ်ပတ် ကာလအတွင်း အစပိုင်း ၊ အလယ်ပိုင်း ၊ နောက်ပိုင်း ကာလများတွင် အသီးသီးလေ့လာခဲ့ရာ စိတ်ဖိအားကို ဖြစ်ပေါ်စေသည့် ကျောက်ကပ်အတွင်းမှ cortisol နှင့် catecholamines ဟိုမုန်း ပမာဏလျော့ကျသွားခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။
ချောကလက် နေ့စဉ်စားသုံးခြင်းသည် ကျန်းမာသောဇီဝ လုပ်ငန်းစဉ်နှင့် ပေါ့ပါးလွပ်လပ် သောဘ၀နေထိုင်မှုကိုရစေကာ ရေရှည်ကျန်းမာရေးကောင်းမွန်မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း ဆွစ်ဇာလန် Nestle သုတေသနဌာနမှ ပညာရှင်များက ပြောကြားခဲ့ကြ သည်။
ချောကလက်တွင် ပါဝင်သော polyphenols သည်ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေကြောင်း သိရသည်။ ယခင်တွေ့ရှိချက်များအရလည်း နှလုံးရောဂါကို ပျောက်ကင်းစေပြီး ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်းကိုလည်း လျော့ကျစေကြောင်း သိရသည်။

AddThis Social Bookmark Button

Email this post