ကြက်ဥပုံမှန်စားသုံးခြင်းဖြင့် ရောဂါအချို့ကို ကြိုတင်ကာကွယ်နိုင်  

Sunday, May 23, 2010

ကြက်ဥက တစ်နေ့တစ်လုံး စားသောက်ခြင်းဖြင့် ဦးနှောက်နှင့် အာရုံကြောမဖြစ်အောင် ထိန်းပေးသည့် အာဟာရတစ်မျိုးကိုဖြစ်ပေါ်စေပြီး မိန်းကလေးများ အထက်တန်းကျောင်းသား ဘ၀မှစပြီး ပုံမှန်စားသုံးပါက ရင်သားကင်ဆာ ဖြစ်နိုင်ချေ နည်းပါးသည်ဟု ဒေါက်တာခင်မောင်လွင် (FAME) ထံမှသိရသည်။
””အသည်းမကောင်းတဲ့လူတွေ တစ်နေ့နှစ်လုံးစားသင့်တယ်။ စားမယ်ဆိုရင် ရှိတဲ့ရောဂါတွေပါ ကာကွယ်နိုင်တယ်။ အသားသိပ်မစားနိုင်တဲ့ အဘိုးအဘွားတွေ အတွက် ကြက်ဥက အကောင်းဆုံးပဲ။ ကြက်ဥဟာ ပရိုတင်းဓါတ်ကြွယ်ဝတယ်။ ကလေးတွေစားရမယ်။ ခြောက်လနဲ့ နှစ်နှစ်ကျော်ပုံမှန် စားသုံးပါက ဦးနှောက်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတတ်လာတယ်။ လူတစ်ဦး တစ်နေ့ကြက်ဥတစ်လုံး စားရင် ခနာကိုယ်ရှိရောဂါတွေပျောက်တယ်။ ကလေးတွေ သွေးလွန်တုပ်ကွေးဖြစ်ရင် ကြက်ဥကြွေးရပါမယ်။””ဟုယင်းကဆိုသည်။
ကြက်ဥကိုတစ်နေ့တစ်လုံးစားရင် ကျန်းမာရေးအတွက် အထူးကောင်းမွန်သည်ဟု www.who.net တွင်လည်းဖော်ပြထားသည်။ ကြက်ဥကို အစိမ်းသောက်သင့်မသောက်သင့် ကိုလည်း “ကြက်ဥကို ပညာရှင်တွေလေ့လာတဲ့အခါမှာ ကြက်ဥကို အစိမ်းသောက်သင့်တယ် လို့ဆိုတယ် ။ အဓိကက ရောဂါပိုးတွေဟာ ကြက်ဥအခွံမှာပဲ ရှိတဲ့အတွက် ကြက်ဥကို အစိမ်း သောက်မယ်ဆိုရင် ၊ ကြက်ဥကိုခွဲပြီး ပန်းကန်ထဲထည့်ကာ သောက်သင့်ပါတယ်။ အလုံးလိုက် မော့သောက်လိုက်ရင်တော့ ရောဂါပိုးတွေ ပါးစပ်ထဲဝင်နိုင်ပါတယ်။ ကြက်ဥဟာ ကျန်းမာရေး အတွက်ကောင်းမွန်လို့ အောက်တိုဘာ ၁၃ ရက်ကို ကြက်ဥများနေ့အဖြစ်တောင်သတ်မှတ်ခဲ့ တယ်။ကြက်ဥရဲ့ အာနိသင်ကြောင့် ကြက်ဥစားသုံးသူတွေ သိသိသာသာ တိုးတတ်လာတယ်” ဟု ဒေါက်တာခင်မောင်လွင်(FAME)ကပင်ထပ်မံပြောကြားသည်။

AddThis Social Bookmark Button

Email this post