Using Master Gmail Account  

Sunday, May 11, 2008

လူတိုင်းမှာ Gmail Account တစ်ခုထက်မက ရှိကြမှာပါ ။ ဘလော့ ရေးဖို့ က တစ်ခု ၊ မိသားစုတွေနဲ့ပြောဖို့က တစ်ခု ၊ သူငယ်ချင်းတွေ နဲ့ပြောဖို့ တစ်ခု ၊ စသဖြင့် ပေါ့ဗျာ။ အဲလို အများကြီးသုံးတော့ Email စစ်တဲ့အခါ ဟိုအကောင့် ကိုဝင်လိုက် ဒီအကောင့်ကို ၀င်လိုက်နဲ့ အကောင့်သုံးတာများလေ အလုပ်ရှုပ်လေပေါ့။ မေးပို့ ရင်လဲ ဒီလိုဘဲ ပြောင်းပြီး ၀င်နေရတော့ အချိန်ကုန်တာပေါ့။ ကွန်နက်ရှင် မကောင်တဲ့နေရာ ကဆိုပိုဆိုးတာပေါ့ဗျာ။ အဲဒီတော့ ကိုယ့် Gmail Account တွေ အားလုံးရဲ့ Email အ၀င်အထွက် ကို Mial Address တစ်ခုတည်းကနေ ထိန်းချုပ်တာပိုကောင်းတာပေါ့။ ဥပမာ- ကျွန်နော့်မှာ Thura.One1@gmail.com နဲ့ Thura.Two2@gmail.com ဆိုပြီး နှစ်ခုရှိမယ်ဆိုပါတော့ ။ Thura.One1 တစ်ခုတည်းကို မာစတာအကောင့် အနေနဲ့သုံးပြီး အဲဒီ Mail Address နှစ်ခုလုံးရဲ့ Email အ၀င်အထွက်ကို လုပ်မယ်ဆိုရင် ပထမ အဆင့်အနေနဲ့က Thura.Two2 အကောင့်ကို အရင် ၀င်ရပါမယ်။ ပြီးရင် အောက်ကပုံမှာ မျှားထိုးပြီး ပြထားတဲ့အတိုင်းအဆင့်ဆင့် လုပ်ဆောင်ရမှာဖြစ်ပါတယ်။

၁) ဂျီမေး(လ်) ၀င်းဒို့ရဲ့ ညာဘက် အပေါ်ထောင့်မှာ Setting ဆိုတဲ့ Tab ကိုနှိပ်လိုက်ပါ။
၂)Forwarding and POP/IMAP ဆိုတဲ့ Tab ကိုနှိပ်ပါ။
၃)Forward a copy of incoming mail to ဆိုတာကို ရွေးလိုက်ပါ။
၎) Forward a copy of incoming mail to ဆိုတဲ့ Box မှာတော့ ကိုယ် Master Account အနေနဲ့ အသုံးပြုမဲ့ Gmail Address ကိုရိုက်ထည့် ပေးရမှာဖြစ်ပါတယ်။
၅)နောက်တစ်ဆင့်ကတော့ အောက်ကပ်လျက်မှာ ရှိတဲ့ Box မှာ ညာဘက်ထောင့်က Down Arrow ကိုနှပ်ပြီး archive Gmail’s copy ဆိုတာကိုရွေးပေးရပါမယ်။
၆)ပြီးရင်တော့ အောက်ခြေ မှာရှိတဲ့ Save Changes ဆိုတဲ့ Button ကိုနှိပ်ပြီး ရင် အဲဒီ Gmail account ကို Sign out လုပ်လိုက်ပါ။ (မှတ်ချက် ။ ။ Master Account မှအသုံးပြုမဲ့ Account တစ်ခုထက်ပိုမယ်ဆိုရင် Master Account ကလွဲရင် ကျန်တဲ့ Gmail တွေကိုတစ်ခုချင်း ဖွင့်ပြီး အထက်က အဆင့် (၆)ဆင့်ကို လုပ်ရမှာ ဖြစ်ပါတယ် )

ပြီးရင်တော့ Master Account မှာ ကျန်တဲ့မေး(လ်) တွေကို သွားပေါင်း ပေးရပါ မယ်။




၁) Master Account အနေနဲ့သုံးမဲ့ Gmail ကိုဝင်လိုက်ပါ။ (Thura.one1@gmail.com) ။ပြီးရင် ပုံမှာပြထားတဲ့အတိုင်း Setting ကိုနှိပ်ပါ။
၂) Account ဆိုတဲ့ Tab ကိုနှပ်ပါ ။
၃) Add another email address ဆိုတဲ့ Link ကိုနှိပ်လိုက်ရင် windows အသေးလေးတစ်ခုပေါ်လာပါလိမ့်မယ်။
၎)ပေါ်လာတဲ့ windows အသစ်မှာ ပါတဲ့ Email address ဆိုတဲ့ကွပ်လပ်မှာ စောစောက ပြင်ခဲ့တဲ့ Gmail Address ကိုရိုက်ထည့်ပြီး ၅)Next Step ဆိုတဲ့ Button ကိုနှိပ်လိုပ်ပါ ။
၆)ပြီးရင် ပေါ်လာတဲ့window မှာ တွေ့ရတဲ့ Send Verification ဆိုတဲ့ Button ကိုနှိပ်လိုပ်ပါ။
၇)နောက် Close Window ဆိုတဲ့ Link ကိုနှိပ်ပြီး အဲဒီ window ကိုပိတ်ပါ။
၈)Inbox ဆိုတဲ Link ကိုနှိပ်လိုက်ရင် Inbox ထဲမှာ Email တစ်စောင်ရောက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။
၉)ရောက်နေတဲ့ Email ကိုဖွင့်ပြီး..
၁၀)Please Click the link below to confirm your request: ဆိုတဲ့စာကြောင်းရဲ့ အောက်မှာရှိတဲ့ Link ကို နှိပ်လိုက်ပါ။
၁၁)အဲလိုနှိပ်လိုက် တာနဲ့ Confirmation Success ဆိုတဲ့ နောက် window အသစ်တစ်ခုပေါ်လာမှာပါ။ အဲဒီမှာပါတဲ့ http://mail.google.com ဆိုတဲ့ Link ကိုနှိပ်ရင် Master Account ထဲကိုရောက်သွားမှာပါ။
ဒါဆို Master Account တစ်ခုတည်းကနေ ကျန် Account အားလုံးကို သုံးလို့ ရပါပြီ။
အခုဆိုရင် Master Account မှာ Email ပို့ရန် အတွက် Compose Mail ကိုနှိပ်လိုပ်ရင် From: ဆိုတဲ့စာလုံးနောက်မှာ Add ထားသမျှ ကျန်အီးမေးလ် လိပ်စာတွေကို Dropdown List အနေနဲ့ ပြနေမှာဖြစ်ပါတယ် ။
(၁၀ . အထက်ကပုံမှာကြည့်ပါ ) ကိုယ်ကြိုက်တဲ့ အကောင့် ကိုရွေးပြီး ပို့လို့ရပါတယ်။ ထို့အတူဘဲ ကျန်တဲ့ အီးမေးလ် လိပ်စာတွေကို ရောက်တဲ့ Email တွေကလဲ Master Account ထဲကို Copy အနေနဲ့ ရောက်လာမှာဖြစ်ပါတယ်ခင်မျာ။

စာအုပ်အနေနဲ့ဖတ်ချင်လျှင်Download

AddThis Social Bookmark Button

Email this post