How can I open Office 2007 files in older versions of Office 2003 ?  

Tuesday, May 13, 2008

Microsoft Office 2007 ရဲ့ file format ဟာ .docx ဖြစ်ပြီးတော့ Microsoft office 2003 ရဲ့ file format ဟာ .doc ဖြစ်ပါတယ်။ အဲဒါကြောင့် Microsoft office 2003 ကိုသုံး နေသေးတဲ့ သူတွေအတွက် MS Word 2007 ဖိုင်တွေကို ဖွင့်လို့ရမှာ မဟုတ်ပါဘူး။MS Word 2007 ရဲ့ .docx ဖိုင်တွေကို MS Word 2003 ရဲ့ .doc format ကိုပြောင်းဖို့ Microsoft Office FileFormatConverter ကို ဒီနေရာ မှာ အခမဲ့ ရယူနိုင်ပါတယ်။ 2007 ဖိုင်တွေကို လိုသလိုပြုပြင်ပြီး Office 2000, Office XP, or Office 2003 တွေအနေ နဲ့ Save လုပ်နိုင်ပါတယ် ။ ဖိုင်ဆိုဒ် ကတော့ 27.5 MB ရှိပါတယ်။ ကွန်နက်ရှင် အခက်အခဲကြောင့် Download လုပ်ဖို့ အဆင်မပြေသူတွေ ကတော့ ပြောင်းချင်တဲ့ .docx ဖိုင်ကို Upload လုပ်စေပြီး .doc ကိုပြောင်းကာ Email ကိုပို့ ပေးတဲ့ အခမဲ့ Online Service တွေရှိပါတယ်။ Zamzar.com သို့မဟုတ် docxtodoc.com တို့ဖြစ်ပါတယ် ခင်မျာ။

AddThis Social Bookmark Button

Email this post