မုန်လာဥနီသီးဖျော်ရည် တစ်ဖန်ခွက် သောက်သုံးပေးခြင်းဖြင့် လူ့သက်လုံကို မြှင့်တင်ပေးနိုင်  

Sunday, May 23, 2010

မုန်လာဥအနီဖျော်ရည် တစ်ဖန်ခွက်ကို သောက်သုံးပေးခြင်းဖြင့် လူတို့ဧ။်သက်လုံကို အဓိက မြှင့်တင်ပေးနိုင်ကြောင်း သြဂုတ်လ ၈ ရက်ထုတ် ဒေးလီးမေးလ် သတင်းတစ်ရပ်အရ သိရသည်။ နေ့စဉ် မုန်လာဥအနီဖျော်ရည်သောက်သုံးပေးခြင်းအားဖြင့် လူတို့သည် မမောမပန်း စေဘဲ လေ့ကျင့်ခန်းကို ကြာကြာပြုလုပ် နိုင်လာမည်ဖြစ်သည်။
ထိုဖျော်ရည်ကို တစ်နေ့ကို တစ်ပိုင့်အောက် သောက်သုံးပေးခြင်းအားဖြင့် သွေးတိုးကို လျှော့ချစေနိုင်ပြီး နှလုံးကျန်းမာရေး ကောင်းမှုကို မြှင့်တင်ပေးနိုင်သည်။ ထိုဖျော်ရည်ဧ။် အချို့သော အကျိုးကျေးဇူးများသည် ကြေးစားအားကစားသမားများ ပုံမှန်ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း ပြုလုပ်ခြင်းမှရသော အကျိုးကျေးဇူးထက် သာလွန်ကောင်းမွန်သဖြင့် သုတေသီများကို ထိုရလဒ်များက ရင်သပ်ရှုမော ဖြစ်စေခဲ့ကြောင်း ၀န်ခံမှုကို ဖြစ်စေခဲ့သည်။
သုတေသီများအဆိုအရ ထိုဖျော်ရည်သည် လူတိုင်းအတွက် အရသာရှိကောင်းရှိနိုင် မည်မဟုတ်သော်လည်း အားကစားပြိုင်ပွဲကြီးများဝင်မည့် အားကစားသမားများမှအစ ဈေးဆိုင် သို့်ပင်လမ်းလျှောက်သွားရန် အားနည်းနေသူ ပင်စင်စားများအထိ လူတိုင်းအပေါ် ကြီးမားသော အကျိုးသက်ရောက်မှုရှိနိုင်ကြောင်း သိရသည်။
ပန်နယ်ဆူလာဆေးကျောင်းမှ သုတေသီများသည် ကျန်းမာသော လူငယ်ရှစ်ဦးကို စက်ဘီးပြိုင်ပွဲ ကျင်းပပေးကာ လေ့လာဆန်းစစ်မှုများ ပြုလုပ်ပြီးနောက် တွေ့ရှိချက်များကို အသုံးချစိတ်ပညာဂျာနယ်တွင် ရေးသားဖော်ပြခဲ့ကြသည်။
မုန်လာဥနီတွင် နှလုံးသွေးကြောများအား ကျယ်စေနိုင်သော ဆေးအုပ်စုပမာဏများ မြင့်မားစွာပါရှိကြောင်း သိရသည်။

AddThis Social Bookmark Button

Email this post