အရှေ့သို့ပျံသန်းခြင်း  

Wednesday, August 13, 2008

Photobucket
စာရေးပျင်းတာနဲ့ စာအုပ်တွေဘဲတင်နေခဲ့တယ် ။ ဖတ်တဲ့လူလဲ သိပ်တော့ မရှိပါဘူး ။ အပြင်မှာ တစ်ယောက် တည်းနေရတာ ကြိုက်တဲ့ အကျင့်က ဘလော့ရေးတဲ့ထိပါလာတယ် ။ ဒီနေ့ကတော့ အမှတ်တရနေ့ ဆိုတော့ နဲနဲတော့ ရေးခဲ့ချင်တယ်။ အခုဒီ Post တတ်နေတဲ့အချိန်မှာ လူကလဲ လေယာဉ်ပေါ်တတ်နေလောက်ပြီ။ မြန်မာပြည် ကိုပြန်ရပြီလေ။ ၄ နှစ်ဆိုတဲ့ အတိုင်းအတာက ခဏလေးလိုပါဘဲ။ ကိုယ့်နိုင်ငံ ကို ပြန်ရမှာဆိုတော့ တော်တော်ပျော်ပါတယ်။ ဘ၀ရဲ့ နောက် အပိုင်းအခြားတစ်ခု ကို စဖြတ်သန်းရတော့မှာပေါ့ ။ ဘ၀ဆိုတာဒီလိုဘဲ ။ အပိုင်း အပိုင်းလေးတွေနဲ့။ သူ့နေရာနဲ့ သူတော့အခက်အခဲလေး တွေနဲ့ပေါ့။ ပြီးတော့လဲပြီးသွားတာပါဘဲ။ ဘာတွေဖြစ်လာဦးမလဲဆိုတာတော့ ဘုရား ပဲသိလိမ့်မယ်။ သေသွား ရင်ကိုယ့်နောက် မပါမဲ့ အရာတွေနောက်ကို တကောက်ကောက်နဲ့ လိုက်ရဦးမှာပေါ့ :)

AddThis Social Bookmark Button

Email this post