ဖန်ဆင်းရှင်  

Wednesday, September 5, 2007

သားတို့၊ သမီးတို့ စဉ်းစားပါ
အရမ်းတော့ မယုံစရာ ၊
စာမေးပွဲမှာ အောင်လိုက
စာကြိုးစားလိုက်ကြ ။ ။
ဇွဲ နဲ့ လုံ့လ အရင်းခံ
ကြိုးစား အချိန်မှန်မှန် ၊
ထိုသူ ဧကန်ချမ်းသာပွား ၊
ပညာ စီးပွား ကောင်းကျိုးများ။ ။
မကြိုးစားပဲ အပျင်းထူ
ဆုပဲတောင်းနေသူ ၊
ကယ်မည့်သူ ဘယ်မရှိ
သေချာ ဒုက္ခရောက်မည်တည့်။ ။
ကိုယ်၏စွမ်းအား ကိုယ်ကိုးပါ
သေချာကြီးပွား တိုးတတ်မှာ ၊
ဗုဒ္ဓမြတ်စွာ ဟောညွန်ကြား
ကောင်းကျိုးလိုလား ကျင့်စေသား ။ ။
ကံ ၊ ညာဏ် ၊ ၀ီရိယ စွမ်းအားများ
ဖန်ဆင်းရှင်လို့ မှတ်လို့ထား ။ ။
(ဆရာတော်အရှင်ဇ၀န တရားတော်မှ)

AddThis Social Bookmark Button

Email this post